ရှမ်းပြည်နယ်

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့၊ နံနက် ၉ နာရီအချိန်က အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေး အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် (၀၉း၃၀)နာရီအချိန်က မူဆယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း  မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့ မြို့နယ်အခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များသည် ယမန့်နေ့က  နံနက် ၇ နာရီက မိုင်းဟန်ကျောင်းဆရာတော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်က ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံးကြီး၌ ကျင်းပသည်။

မိုးနဲမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း  ဧက ၁၀၀  စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မြေ စာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ မိုးစပါး ပန်းတိုင်ရရှိရေး  ဧက ၁၀၀ စံပြစိုက်ခင်းတွင် စိုက်ပျိုးထားသော DU-12 မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။

တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅) ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာဖြင့်ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇ / ၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လွိုင်လင်မြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ယနေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတွေ့ဆုံပွဲကို အောက်တိုဘာ ၂၇ ရက်က ခေမာရဌ်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်