ပင်လောင်းမြို့နယ်၌ အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အားလုံးကူညီဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ အမှိုက်ခွဲခြားစွန့်ပစ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။