မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေးနယ်လှည့် ကွင်းဆင်း ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအားအသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။