ရှမ်းပြည်နယ်

ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက် လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာ နမ်းဟုတ်ဘုန်း‌တော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသ ဇရပ်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဒေသဖွံ့ဖြိုးရေးစီမံချက်အရ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လေလာကျေးရွာအုပ်စု ဇရပ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြာပွဲကို ယမန်နေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာနှင့် ပုံချို(ဝေး)ကျေးရွာတို့၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရတနာမာန်အောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရတနာမာန်အောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက သက်ဆိုင်ရာ ဌာနများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေးခြင်းကို ဩဂုတ်လ ၂၄ ရက်က အမှတ်(၆၀၀၃) ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ​မြို့နယ်၊ မိုင်းကန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုင်းကန်ကျေးရွာ၊ မိုင်းကန်(ခန်းမ)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းရှူးမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကွင်းဖွင့်ပွဲနှင့် ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကွင်းဖွင့်ပွဲနှင့်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပဥ္စမနေ့ ပွဲစဉ်များ ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပဥ္စမနေ့ပွဲစဥ်များကို သြဂုတ်(၂၄)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ကျင်းပရာ အုပ်စု(ဂ)မှ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဥ်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်