ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ ကျင်းပသော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းနှင့် ဦးဥတ္တမခန်းမတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 

စစ်တွေတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (၂/၂၀၂၅)ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီ းချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများတက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ဖူးမြော်ကြည်ညို ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်ကျောင်းဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်ကျောင်းဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ရင်ပြင်တော်၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ် များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး၊ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တွင် နေပူခံကျောက်ပြားခင်းရန်နှင့် စစ်တွေမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုရန် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသော အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ပညာရေးမှူးရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံး လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်