(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ Read more about (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.မ.ကမူလွန်(၁)၌ ကျင်းပသည်။
မုဒုံမြို့၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ Read more about မုဒုံမြို့၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ် Read more about ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းက(အ.ထ.က)မင်းတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူညီမှုပေးအပ်ခြင်းအခမ်းအနား တက်ရောက် Read more about မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူညီမှုပေးအပ်ခြင်းအခမ်းအနား တက်ရောက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူညီမှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီးနောက် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာမှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခြေခံစားသောက်ကုန်များ ပေးအပ်နိုင်သည့်အတွက် စိတ်ကြည်နူးပီတိဖြစ်ရကြောင်း၊
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ် (မော်လမြိုင်) တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး Read more about မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ် (မော်လမြိုင်) တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
မော်လမြိုင်မြို့၌ ၂၀၂၅ နှစ်သစ်ကူးကြိုဆိုပွဲ ပြည်သူများ ပျော်ရွှင်စည်ကားစွာ ဆင်နွှဲ Read more about မော်လမြိုင်မြို့၌ ၂၀၂၅ နှစ်သစ်ကူးကြိုဆိုပွဲ ပြည်သူများ ပျော်ရွှင်စည်ကားစွာ ဆင်နွှဲ ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကောင်းမှုကုသိုလ်ပြုသူများ၊ ပျော်ပွဲရွှင်ပွဲဆင်နွဲသူများဖြင့် အထူးစည်ကား Read more about ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကောင်းမှုကုသိုလ်ပြုသူများ၊ ပျော်ပွဲရွှင်ပွဲဆင်နွဲသူများဖြင့် အထူးစည်ကား မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးကို ကြိုဆိုသောအားဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ရန်အတွက် ကောင်းမှူကုသိုလ်ပြုသူများ ပျော်ပွဲ ရွှင်ပွဲများ ဆင်နွဲကြသူများဖြင့် နေရာအနှံ စည်ကားသာယာလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ Read more about ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့ သံဖြူဇရပ် နှစ်-၁၅၀ ပြည့်အထိမ်းအမှတ် ကာယအလှမောင်၊ ကာယအလှမယ်၊ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ Read more about သံဖြူဇရပ်မြို့ သံဖြူဇရပ် နှစ်-၁၅၀ ပြည့်အထိမ်းအမှတ် ကာယအလှမောင်၊ ကာယအလှမယ်၊ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ် နှစ်-၁၅၀ ပြည့် အထိမ်းအမှတ် ကာယအလှမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ထိ နေ့စဥ်နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ Read more about ကျိုက်မရော၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို အတ္တရံမြစ်အရှေ့ဘက်ကမ်းရှိ ဖာသိမ်ကျေးရွာနှစ်သစ်ကူးပွဲတော်ကျင်းပရာကွင်းပြင်၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။