မက်မန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ပြည်သူများလူနေမှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ်ဆောင်ရွက်မည့် ဆွတ်ဝိုးကျေးရွာအုပ်စု၊ အောင်သံလွင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် ပညာရှင်များ၊ စီမံကိန်းကော်မတီဝင်များက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့်ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ် ဆောင်ရွက်မည့် ဆွတ်ဝိုးကျေးရွာအုပ်စု၊ အောင်သံလွင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးကြပြီး ကျေးရွာအတွက် ငွေကျပ်(၁၀)သန်း မတည်ပေးခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ဆွတ်ဝိုးကျေးရွာအုပ်စုရှိ အောင်သံလွင်ကျေးရွာနှင့် ဝမ်ပုံကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)