လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီကလှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များက လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်သည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်လူမှုရေးပင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို အမှတ်(၆)ရပ်ကွက်ရှိ ဘိုးဘွား(၃၅)ဦးကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်သည်။

ခင်၀င်းမူ (ပြန်/ဆက်)