ကွန်ဟိန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲ ၃ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းက ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများ၊ အာဇာနည်နေ့နှင့် အာဇာနည် စိတ်ဓာတ်အကြောင်းအရာများ ဟောပြောခဲ့ပြီး ပြိုင်ပွဲအား ဆက်လက်ကျင်း ပခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများတွင် Grade-10၊ Grade- 11 မှ ကျောင်းသား/သူများက ဆောင်းပါး ပြိုင်ပွဲသို့ (၄)ဦး၊ ကဗျာပြိုင်ပွဲသို့ (၄)ဦး၊ စာစီစာကုံးပြိုင်ပွဲသို့(၈)ဦး စုစုပေါင်း (၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)