အမ်း ဧပြီ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့်အထက်နှင့် နှစ်ကြိမ်ထိုးနှံပြီးသူများအား ယမန်နေ့နံနက် (၉) နာရီ အချိန်ကစတင်ပြီး တပ်တောင်မြို့အမှတ် (၃) ရပ်ကွက် ကျေးလက် ကျန်းမာရေး ဌာန၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံခြင်း မပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်း များကိုစနစ်တကျ ဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံထာပြီးသူ များအား မိနစ် ၃၀ ခန့် စောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း