ကျိုင်းတုံ ဧပြီ ၁၈
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၃၁/၂၀၂၂ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ဧပြီလ ၁၇ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ် လွတ် ငြိမ်းခွင့် ပြုခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား (၁၂)ဦးနှင့် ထိုင်းနိုင်ငံသား အကျဉ်းသား(၁)ဦး စုစုပေါင်း(၁၃)ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)