မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

မောက်မယ် မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ၃၀ ရက်နေ့မှ ဧပြီ၉ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က မောက်မယ်စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူများ ယနေ့နံနက်(၉) နာရီက အေးချမ်းစွာ စတင်လာရောက်ဖြေဆိုကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင် မောက်မယ်အခြေခံပညာအထက်တန်းကျောင်းနှင့် ဥယာစန်းအခြေခံပညာ အထက်တန်းကျောင်း(၂) ကျောင်းတို့မှ မောက်မယ်အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ အတွင်းဖြေဆိုသူ(၉၂)ဦးနှင့် ပြင်ပဖြေဆိုသူ (၄၉)ဦး စုစုပေါင်း (၁၄၁)ဦးရှိရာ ယနေ့တွင် အတွင်းဖြေ ဆိုသူ(၈၈)ဦးနှင့် ပြင်ပဖြေဆိုသူ(၃၃)ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၂၁)ဦး(၈၅.၈၁) ရာခိုင်နှုန်းရှိပြီး ယနေ့မြန်မာစာ ဘာသာရပ် ဝင်ရောက် ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ် မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က မြို့နယ်ပညာရေး ဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)