မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မြစ်သား မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ မြစ်သားမြို့(ရှမ်းပွဲ)ရပ်ကွက် ၊ ကူမဲအမှတ်(၁)ရပ်ကွက်၊ ရွာခိုင်ကြီး၊ ရေဝန်း၊ မိုင်းမော၊ ဒါးရယ်ကောင်း၊ ရစ်ကန်ကျေးရွာ စုရပ်နေရာများတွင် စုစုပေါင်း (၆၀၅)ဦး အတွက် ဆေး (၅၅)လုံးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကို လည်းသတ်မှတ်ဦးစား ပေးအုပ်စုအလိုက်  သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။ 

မြမြမွန်(မြစ်သား)