ဗန်းမော်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ဗန်းမော်       ဒီဇင်ဘာ     ၂၀ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ဝ ရက် နံနက် ၁၁ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအကြောင်းများကို မေးမြန်းဆွေးနွေးကာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဥပဒေအကြောင်းများကို လည်းကောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗန်းရှင်း (Convention of The Elimination of all Form of Discrimination Against Women-CEDAW)တွင် ပါဝင်သည့် အမျိုးသမီးများ၏ အခွင့်အရေးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(NSPAW) အကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဗန်းမော်ခရိုင်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဗန်းမော်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကိန်းဖြူ