ရပ်စောက် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ စာပေဝါသနာရှင်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များ အတွက် အသိပညာ ဗဟုသုတ တိုးပွားစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး၍ မြို့နယ်ပြည်သူ့ စာကြည်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွား နေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင် စာဖတ် ပရိတ်သတ် များအတွက် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်၊ ရုပ်ပုံပြပုံပြင်ပြောခြင်း အစီအစဉ်၊ ကဗျာရွတ်ခြင်းအစီအစဉ်၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်းအစီအစဉ်နှင့် ကျန်းမာရေး ဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များကို Online မှတစ်ဆင့် နေ့စဉ်ရိုက်ကူး တင်ဆက် ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ကာ အသိပညာ ပေး တင်ဆက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)