ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းလွင်က ဖတ်ကြားပြီး၊ အမျိုးသားနေ့အထိမ်းအမှတ် ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများ၊ ဆုရကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
နေအောင်