ပန်လုံမြို့၌ အသက် (၁၈) နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိ

ပန်လုံ            နိုဝင်ဘာ        ၁၅

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်) ထိုးနှံခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုး လုပ်ငန်းကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အနီးကပ်ကြီးကြပ်၍ မြို့အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်း များ၊ တာဝန်ကျဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးမည့်သူများအား တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေရာသတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ကာ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းကို အချိန်တိုအတွင် ပြီးမြောက်စေခဲ့ပါသည်။

ယမန်နေ့တွင် ပန်လုံမြို့မှ အသက်(၁၈)နှစ်အထက် ကျား(၃၅၁)ဦး၊ မ(၃၂၉)ဦး၊ စုစုပေါင်း (၆၈၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပန်လုံ (ပြန်/ဆက်)