ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များနှင့် ဈေးဆိုင်များသို့သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ    နိုဝင်ဘာ    ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ် ရေးများပြုလုပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ ပေါ်ရပ်ကွက်များရှိ  လူနေအိမ်များနှင့် ဈေးဆိုင်များသို့သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦး တင်မောင်သန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးထိန်လင်းနိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များ ဖြစ်သော အနောက်ပိုင်းရပ်ကွက်နှင့် အစိုးရရပ်ကွက်များသို့သွားရောက်၍ ၎င်းရပ်ကွက်များရှိ လူနေအိမ် များ၊ ဈေးဆိုင်များနှင့် အလုပ်ရုံ များတွင် မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီး သတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးမသုံးစွဲဘဲ ထင်းမီးဖို၊မီးသွေးမီးဖို များဖြင့် ချက်ပြုတ်စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဘုရာမီးပူဇော်ရာတွင် စနစ်တကျ ထွန်းညှိပူဇော်ကြရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)