ပင်လောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အသက် ၆၀ နှစ်အထက် ဘိုးဘွားများနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များအား မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှူးရုံးမှ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထောက်ပံ့ကြေးပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၍ စောင့်ကြပ်ကြည့်ရှု ကုသရေးနေရာများနှင့် ဆေးရုံတွင် သီးသန့်ဖွင့်လှစ်ထားသည့် ကုသရေး စင်တာများတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသော အသက် ၆၀ နှစ်အထက် ဘိုးဘွား ၅ ဦးနှင့် အသက် ငါးနှစ်အောက် ကလေး ၆ ဦး တို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၃၀,၀၀၀) အား လူမှု၀န်ထမ်းဦးစီးဌာနမှူး ဒေါ်ဝင်းမာက လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)