ကော့မှူးမြို့နယ်အတွင်း မော်တော်ယာဉ်များ သတ်မှတ်ချက်နှင့်အညီ မောင်းနှင်မှု ရှိ၊ မရှိ စစ်ဆေး

ကော့မှူး ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ တိုးဂိတ်တွင် ကော့မှူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ "စုံ" နံပါတ်အက္ခရာ/ "မ" နံပါတ်အက္ခရာမော်တော်ယာဥ်များအား သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ/ မရှိကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးနေကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်နှင့် ဝန်ထမ်းများ၊ အုန်းတောတပ်မှ အရာခံဗိုလ်ရဲထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၅၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ် အောင်ဇော်မိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သော စုံနံပါတ်/ မနံပါတ်အက္ခရာ မော်တော်ယာဉ်များ သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ခဲ့ရာ အရေးယူမှုမရှိကြောင်း သိရသည်။

ကျော်သူရ ( ကော့မှူး)