စမ်းချောင်းမြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

စမ်းချောင်း ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဇူလိုင် ၂၈ ရက်နေ့က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများသည် စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Kg  ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းနှင့် ပတ်သတ်၍ အာဟာရအုပ်စု () အုပ်စုအား ရှင်းလင်းပြောကြားခြင်း၊  အာဟာရမှုန့်နှင့် ထမင်း ရောကျွေးခြင်း၊ အစာစားပြီးချိန်တွင် လက်ဆေးခြင်းနှင့် After Lunch Tooth brushing ပြုလုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြခြင်းနှင့်အတူ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)