ကျိုင်းတုံ ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်အရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော် တို့က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း က စိုက်ပျိုးရေးတောင်သူများအား အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ ကျိုင်တုံခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက ကျိုင်းတုံမြို့နယ်၊ ကျေးရွာအုပ်စုများရှိ စိုက်ပျိုးရေး တောင်သူများအား ဘိန်းအစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)