ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ကျောင်းတော်ရေစက်ချ အလှူတော်မင်္ဂလာနှင့် သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်တို့၏ ဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားသို့တက်ရောက်

ပင်းတယ ဧပြီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးစံပြကျေးရွာတွင် ယမန်နေ့က သီရိမင်္ဂလာမြင်းမူးတိုက်ကျောင်းခဏ္ဍသိမ်၊ ရွှေမြင်းမူးဓမ္မဗိမာန်၊ ဘောဇနသပ္ပါယဆွမ်းစားဆောင် ရေစက်ချမင်္ဂလာနှင့် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်တို့၏ ဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားကို ကျင်းပသည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားအားကို နမောတသသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဧည့်ပရိသတ်များက ပင်းတယမြို့နယ် သဃ့နာယကဥက္ကဋ္ဌ ဆရာတော် ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် အရှင်စ‌န္ဒောဘာသအား ရှစ်ခိုးကန်တော့ကြကာ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များမှ ရွတ်ပွားသည့်ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။

ထို့နောက် ဥုးခေမင်္ကာရက ဂါထာရွတ် ပူဇော်ကာ တေးသံရှင်မေသက်ထားရွှေမှ တေးထပ်၊ ရှစ်လုံးဘွဲ့နှင့် ရတုပိုဒ်ရံများဖြင့် သီဆိုဂုဏ်ပြသီဆိုပေးပြီး၊ တောင်ကြီးမြို့ ဓမ္မသုခကျောင်းတိုက်မှ ဥုးသုဇနက သာသနဓဇဓမ္မယစရိယဘွဲ့တံဆိပ်တော် အရှင်သူမြတ် ငါးပါး၏အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ က သာနာရေးဆိုင်ရာများ လျှောက်ထားပေးကာ၊ ဒေသဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သာသနဓဇစမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်တို့အား ဂုဏပူဇာကပ်လှူကြသည်။

ယင်းနောက်တာဝန်ရှိသူများမှ ပင့်သံဃာတော်များနှင့် မြင်းမူးကျောင်းတိုက် ဆရာတော်အား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး၊ ပွေးလှမြို့အေးကျောင်း ဆရာတော်ထံမှ တရားတော်နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားတွင် သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ် ငါးပါးမှာမြင်းမူးကျောင်းတိုက် ဆရာတော်ဝါယာမိန္ဒ ဆရာတော်၏ တပည့်တော်များဖြစ်ကာ မြင်းမူးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့တော်မူခဲ့ကြပြီး ယခုအခါ မြန်မာနိုင်ငံရှိ‌ကျောင်းတိုက် အသီးသီးတို့တွင် စာသင်၊ စာချ၊ အထက်တန်းစာပေများကို လေ့လာသင်ယူလျက် သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)