တောင်ကြီး ဧပြီ ၁၂
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီး၊ ဗဟိုမဏ္ဍပ်ဆောင်ရွက်နေမှု၊ ဖွင့်ပွဲကျင်းပမည့်နေရာနှင့် လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ကြီးနှင့်တာဝန်ရှိသူတို့သည် စတုဒိသာကျွေးမွေးမည့် မဏ္ဍပ်၊ မြန်မာ့ရိုးရာ ထမနဲသင်္ကြန်၊ မုန့်လုံးရေပေါ်သင်္ကြန်၊ လက်ဖက်နှင့်ကော်ဖီသင်္ကြန်နှင့် သနပ်ခါးသင်္ကြန် ဆောင်ရွက်ရန် ပြင်ဆင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်နေမှုနှင့် ဗိုလ်ချုပ်ပန်းခြံအရှေ့တွင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန မဏ္ဍပ်ပြင်ဆင်ဆောက်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)