ကျောက်ဆည်မြို့နယ်တွင် အောင်နိုင်တိုး မိုးစပါး High Yield Potential စံပြကွက်တွင် မြေဩဇာ စုပေါင်းကြဲပတ်

ကျောက်ဆည် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အောင်နိုင်တိုး မိုးစပါး High Yield Potential စံပြကွက် စိုက်ပျိုးထားသည့် မယ်ဇယ်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၅၉) ဦးပိုင်အမှတ်(၁၂၆/၂) တောင်သူဦးစိုးငွေ၏ မိုးစပါးခင်း၌ မြေဩဇာစုပေါင်း  ကြဲပတ်ပွဲပြုလုပ်ခဲ့ခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်နှင့်မြို့နယ် စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ စပါးစိုက်တောင်သူစုစုပေါင်း (၇၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြေဩဇာစုပေါင်းကြဲပတ်ပွဲတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေးက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပန်းတိုင်သီးနှံ(၁၃)မျိုးနှင့်ပတ်သတ်၍ ပန်တိုင်အထွက်နှုန်းရရှိရေး မျိုး၊မြေ၊ရေ၊ နည်းပညာများကို တောင်သူများအား ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို (၃အချိုး၁)ရောစပ်၍ အသုံးပြုခြင်းဖြစ် သီးနှံများတွင် အကျိုးကျေးဇူးများစွာ ရရှိကြောင်းနှင့် ခရိုင်သီးနှံတာဝန်ခံ ဒေါ်ရီရီဌေးနှင့် မြေအသုံးချရေးတာဝန်ခံ ဒေါ်မို့မို့စိုးတို့က စပါးသီးနှံတွင် ကျရောက်တတ်သည့်ပျက်ပိုးနှင့်ရောဂါများအကြောင်း၊ ကာကွယ်နည်းများ၊ ပိုးသတ်ဆေးများ စနစ်တကျကိုင်တွယ်နည်းများ၊ ဓာမြေဩဇာနှင့် သဘာဝမြေဩဇာများ အချိုးညီအနစ်တကျသုံးစွဲ ရေးများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူးဦးမြင့်အောင်က စံပြကွက်စိုက်ပျိုးထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခမ်းအားတက်ရောက်လာသည့်တောင်သူများက စုပေါင်းမြေဩဇာကြဲပတ်ခြင်းအား ကြည်ရှုခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့် GW-18 စပါးမျိုးများ အဓိကထားပြီး စုစုပေါင်း(၅၂၃၃၄) ဧက စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်