ကျိုက်ထိုမြို့နယ်တွင်‌ ဆေးနှင့် ဆေးပစ္စည်းများ လက်ကားဈေးပေါ်တွင် ပိုမိုအမြတ်တင်ရောင်းချမှုအပေါ် ကွင်းဆင်းစစ်ဆေး

ကျိုက်ထို စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းများ လက်ကားဈေးပေါ်တွင် ပိုမိုအမြတ်တင်ရောင်းချမှုအပေါ် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူစုရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော ချိုချိုဆေးပစ္စည်းအရောင်းဆိုင်နှင့် ရာသက်ပန်ဆေးပစ္စည်းအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့သည် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လူအသုံးများသော ဆေးအမျိုးအစား(၂၁)မျိုး၏ ဈေးနှုန်းများအား ယခင်ဈေးနှုန်းများနှင့် နှိုင်ယှဉ်၍ တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ကျိုက်ထို (ပြန်/ဆက်)