ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၂၉ စင်တီမီတာ (၄) ပေခန့်လို

ညောင်ဦး ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၂ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၂၉ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၃၃ စင်တီမီတာ လိုကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၉၁ စင်တီမီတာရှိနေကာ တဖြည်းဖြည်း တက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် ရောက်ရှိရန် ၁၂၉ စင်တီမီတာသို့ ရောက်ရှိကာ တဖြည်းဖြည်းနီးလာနေကြောင်း၊ မြစ်ရေကြီးမှုအခြေအနေအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း