ကျိုင်းတောင်းမြို့၌ ရာဂီမုန်တိုင်းကြောင့် စပါးသီးနှံများ ပျက်စီးမှုပေါ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ကျိုင်းတောင်း ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုင်းတောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးရုံး(နမ့်တိန်း)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်မှ   အဖွင့်အမှာစကားပြောကြာခဲ့ကြောင်း သိရပါသည်။ ထို့နောက် ရာဂီမုန်တိုင်းကြောင့် စပါးသီးနှံများပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ရေးကို ကြီးကြပ်ကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးချပြခဲ့ပြီး ရာဂီမုန်တိုင်းကြောင်း စပါးသီးနှံများ ပျက်စီးခဲ့ရသော တောင်သူ (၆၄) ဦးအား ပျက်စီးသွားသော ဧက(၁၉၆) ဧကအတွက် တစ်ဧကလျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၉၆၀၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ချင်းအခမ်းအနားကို ကြီးကြပ်ကော်မတီနှင့် အဖွဲ့ဝင်များ၊ မြို့/ရပ်ကွက်/ကျေးရွာအုပ်စု လယ်စီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ/အုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် အငယ်တန်းစာရေး(ရပ်/ကျေး)များ၊ တောင်သူများ စုစုပေါင်းအင်အား (၇၄)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် တောင်သူကိုယ်စာလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)