မင်္ဂလာဒုံ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အမှတ်(၃)လမ်မကြီးပေါ်တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လှုပ်ရှားမှုဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထူးကျော်နှင့်အဖွဲ့ဝင်များ၊YRTC အတွင်းရေးမှူဦးလျန်ကျင့်မန်နှင့်ဝန်ထမ်းများ၊ ကုန်လမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနွေမိုးငြိမ်းနှင့် ဝန်ထမ်းများ၊ အမှတ်(၆၃) ယာဉ် ထိန်းရဲတပ်ဖွဲ့စု(မင်္ဂလာဒုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊အထက(၇)မှ အလယ်တန်းပြဆရာမ ဒေါ်ယဉ်ယဉ်နုဆွေနှင့်Volunteer အဖြစ် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် လမ်းသွား/လမ်းလာယာဉ်များအား ခေတ္တရပ်နားစေပြီး အသိပညာပေး ဟောပြောဆောင်ရွက်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း