ပြင်ဦးလွင် ဧပြီ ၂၅
ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်စေရေးနှင့် စာကြည့်တိုက်နှင့် ပတ်သက်သော အခြေခံပညာရပ်များ သိရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာကြည့်တိုက်အခြေခံပညာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက စတင်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ စာကြည့်တိုက်အခြေခံသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ဝါဝါလွင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီတို့က စာကြည့်တိုက်တွင် စာအုပ်စာရင်းရေးသွင်းနည်းများ၊ DLMS နှင့် ပတ်သက်သော အကြောင်းအရာများအား ပြင်ဦးလွင်ခရိုင်ရုံးမှ ဝန်ထမ်းများအား သင်ကြားပေးခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်အခြေခံပညာသင်တန်းကို (၂၄.၄.၂၀၃၅) ရက်နေ့မှ (၂၅.၄.၂၀၂၅) ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ပြင်ဦးလွင်ခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂) ဦး ပါဝင်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)