တန့်ယန်း ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်ကြီး၌ စာသင်သား သီလရှင် အပါး(၄၀)တို့က သာသနာ့အမွေဆက်ခံပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သာသနာ့အမွေဆက်ခံပွဲ အခမ်းအနားတွင် ရွှေမောင်း သီလရှင်စာသင်တိုက်ကြီး၏ ဦးစီး ဆရာကြီး ဒေါ်ဥပ္ပလထေရီနှင့် ဆရာကြီးများက စာသင်သား သီလရှင် အပါး(၄၀)တို့အား သာသနာ့အမွေ ဆက်ခံပေးကြပြီး ဆရာကြီး ဒေါ်ဥပ္ပလထေရီနှင့် ဆရာကြီးများ ဆရာလေးများအား အလှူရှင်အသီးသီးတို့က လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)