လှည်းကူး မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟို(ယာယီ)မှ တွေ့ဆုံပွဲပြုလုပ် ကျင်းပခဲ့သည်။
ဦးစွာ လှည်းကူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးချန်ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ လှည်းကူးမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဌ ဦးမျိုးကြည်က အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်းနှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟို(ယာယီ) ဒုဥက္ကဋ္ဌ ဦးသိန်းအေးက တောင်သူလယ်သမားနေ့အတွက် ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ မြို့နယ်ဗဟိုအတွင်းရေးမှူးက ရှေ့ဆက်သွားရမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြော ကြားခြင်းနှင့် အသင်းဝင်ကတ်ပြားလုပ်ဆောင်ရန်အတွက် အဆိုပြုပုံစံလွှာအား ဒုဥက္ကဋ္ဌ ဦးသိန်းအေးက မြို့နယ်ဥက္ကဋ္ဌထံသို့ ပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများနှင့် အပြန်အလှန်တွေ့ဆုံ မိတ်ဆက်ခြင်း၊ သိရှိလိုသည့် အကြောင်းအရာများအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)