ကျိုင်းတုံ ဧပြီ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဘဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်း ၂၂/၀ မိုင်အနက် ၂/၀ မိုင် ကျောက်လမ်းပြင်/ထိန်း ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ဧပြီ ၂၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခတ်-မိုင်းညှင် ၂၂/၀ မိုင် လမ်းပိုင်းကို နှစ်စဉ်ဘဏ္ဍာရေးနှစ်များအလိုက် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု၊ ပြည်နယ်)ရန်ပုံငွေများဖြင့် ကျောက်လမ်း ၁၂/၄ မိုင်၊ Box Culvert ၄၀ စင်း၊ ကွန်ကရစ်တံတားနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂/၀ မိုင် ကျောက်လမ်းပြင်/ထိန်းဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မိုင်းခတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၄၂ ရွာမှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)