စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

စမ်းချောင်း ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးအလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ်လင်းလွန်း(မြောက်)ရပ်ကွက်နှင့် ​သံတံတားရပ်ကွက်တို့၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြုကာ ဆောင်ရွက်ပြီး အဖွဲ့()ဖွဲ့ဖြင့်ကွင်းဆင်းခဲ့ရာ အဆောက်အဦ(၆၅)၊ အိမ်ထောင်စု(၅၁၀)စု၊ ကျား(၈၅၄)၊ မ(၁၀၄၈)၊ စုစုပေါင်း(၁၉၀၂)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းနှင့်အဖွဲ့ဝင်များကကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း