ဒဂုံအရှေ့ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နေ့သင်တန်းများ ကျောင်းအပ်နှံမှုကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နေ့သင်တန်း များကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ပထမနှစ် (၂၀၂၃ အောင်) အပါအဝင် သင်တန်းနှစ် အသီးသီးတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သည်။
ဒဂုံတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်(၁၄) ခုနှင့် သိပ္ပံဘာသာရပ်(၁၃)ခုတို့ကို ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံဆောင်ရွက်နိုင်စေရန် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာဌာနများမှ လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)