မအီ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူရှေ့သူရှေ့တွင် စကားပြောစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက မအီမြို့၊ ဂျီဖြူတောင် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက လူငယ်စကားဝိုင်းအား ပူးပေါင်းကျင်းပရခြင်းအတွက် ဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးမှူး ဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ. ထ. က(ခွဲ) ဂျီဖြူတောင်ကျောင်းမှ အထက်တန်းအဆင့် Grade- 10၊ Grade- 11၊ Grade- 12 ကျောင်းသားကျောင်းသူများက "ကျောင်းသားနှင့် ကျန်းမာရေး" " လူငယ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး " " လူငယ်နှင့် စိတ်ဓာတ် " "လူ့ကျင့်ဝတ် " " လူငယ်နှင့် စည်းလုံး ခြင်းသည် အင်းအား " " လူငယ်နှင့် စကားပြောစွမ်းရည် " ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ အ. ထ. က(ခွဲ) ဂျီဖြူတောင်ကျောင်းမှ ဆရာ/တရာမများ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံးအနေဖြင့် လူငယ်များအတွက် အသိပညာပေးရေးဆိုင်ရာ အလားတူ လုပ်ငန်းဆောင်ရွက်ခြင်းများကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အခါအား လျော်စွာ အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြီု့ဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)