မိုင်းဖြတ်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံပွဲကျင်းပ

မိုင်းဖြတ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြတ်ဆရာပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူဟောင်းများက  ဆီမီးခွက်များကိုင်ဆောင်ပြီး မြတ်ဆရာသီချင်းသီဆို၍  ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီးများအား ၂၀၀၆ မှ ၂၀၁၆ ခုနှစ်အထိ အထက(မိုင်းဖြတ်)တွင် ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ဩကာသကန်တော့ချိုးဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး၍ ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ငွေများဖြင့် ဂါရဝါပြုခဲ့ကြသည်။  

ဆက်လက်၍ အ.ထ.က(မိုင်းဖြတ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က  ဩဝါဒစကားများကိုလည်းကောင်း၊ ဆရာမကြီး ဒေါ်ရီရီဌေးက ဩဝါဒစကားကိုလည်းကောင်၊ အငြိမ်းစားဆရာမကြီး ဒေါ်ဒီထွယ်ဘူက ဩဝါဒစကားကိုလည်းကောင်း၊ ဆရာကြီးဦးကျော်ဌေးက ဩဝါဒစကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူဟောင်းများကိုယ်စား မောင်လင်းကိုဖြိုးက ကျေးဇူတင်စကားပြောကြားခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)