တံတားဦး အောက်တိုဘာ ၂၃
တံတားဦးခရိုင် တံတားဦးမြို့မဈေးတွင် ကုန်စိမ်းမျိုးစုံရောင်းချသူများ ယခင်ကရက်တွေထက် ပိုမိုရောင်းအားကောင်း မြို့မဈေးတွင်ကုန်စိမ်းရောင်းချသူ ဒေါ်စန်းစန်းထွေးထံမှသိရသည်။
ကျွန်မတို့က ကုန်စိမ်းရောင်းချတာ ကြာပါပြီ အရင်လနဲ့ဒိလက အခါကြီးရက်ကြီးတွေလေ၊ အခုဆို သီတင်းကျွတ်လပြည့်နေ့ ရောက်ခါနီးပြီဆိုတော့အနယ်နယ်အရပ်ရပ်ကပြည်သူတွေအနေနဲ့ ကျွန်မတို့ဈေးထဲ မိုးလင်းကတည်းက အလုအယက်ဈေးဝယ်နေကြတာပဲ၊ ဒါ့အပြင် အခါကြီးရက်တွေမှာဆို ပိုမိုလူစည်းတော့ ပိုရောင်းရပါတယ်၊ ပုံမှန်ရက်တွေထက် ရောင်းအားပိုကောင်းပါတယ်၊ ဈေးနှုန်းတွေအနေနဲ့ ပုံမှန်ဈေးနှုန်းပါ၊ ပိုရောင်းချ တာမရှိပါဘူး၊ ဈေးဝယ်ယူသူသပေါတော့ ပိုအမြတ်ရတာပေါ့ ကျွန်မတို့ ကုန်စိမ်းရောင်းချသူများ အနေနဲ့ အဝေးကလာရောက် ရောင်းချသူများလိုသလို တစ်ဆင့်ခံရောင်းချများလည်းရှိပါတယ်၊ ဈေးဝယ်သူများကလည်း ကြုံသလိုဝယ်ကြပါတယ်၊ ဆိုင်တိုင်းလည်း ရောင်းအားကောင်းကြပါတယ် ကျွန်မချတာတွေကတော့ ငရုတ်၊ ရုံးပတီ၊ ပဲသီးတောင့်အရှည်၊ ခရမ်းသီး၊ ဆလတ်ရွက်၊ နံနံ၊ ခါကြက်ဥ စတဲ့ ကုန်စိမ်းမျိုးစုံရောင်းချပါတယ်ဟု ၎င်းထံမှသိရသည်။
ယခုအချိန်တွင် ကုန်စိမ်းများကို တောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး တောင်သူများထံမှ ကျွန်မတို့က တစ်ဆင့်ဝယ်ယူရောင်းချကြောင်း၊ တံတားဦးမြို့မဈေးကို အပတ်စဉ် ဥပုဒ်နေ့တိုင်း ဈေးပိတ်ပေမဲ့ ကျွန်မတို့က ဈေးအပြင်ဘက်မှာ နေ့စဉ်ရောင်းချပေးတော့ ဝယ်ယူစားသုံးများလည်း အဆင်ပြေပြီး ကျွန်မတို့အတွက်လည်း အဆင်ပြေကြောင်းလည်းသိရသည်။
ရဲတင့်(ပြန်/ဆက်)