ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာ တောင်သူ ဒေါ်စိန်ဝင်း၏ ကွင်းအမှတ်(၂၂၀)၊ ဦးပိုင်အမှတ်(၅)တွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ဝါတစ်ဧကစိုက်ပျိုးပါက မြေပြင်ခြင်း၊ ထည်ထိုးခြင်း၊ စိုက်ကြောင်းဆွဲခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ မျိုးစေ့ချခြင်း၊ သားခွဲခြင်း၊ အပင်ဖာခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ မြေဩဇာထည့်ခြင်း၊ ဆေးဖျန်းခြင်း၊ ကြားထွန် လိုက်ခြင်း စသည်တို့အတွက် ငွေ(၄၅၀,၅၀၀)ကျပ် ကုန်ကျကြောင်းနှင့် မျိုးစေ့ဘိုး၊ ကွန်ပေါင်း၊ ယူရီယား၊ ‌အေမီဒါ၊ မှိုသတ်ဆေး၊ ကလိုပိုင်ရီဖော့၊ ကာတက်၊ အစီဖိတ်၊ ရွက်ဖျန်းအားဆေး၊ မျိုးစေ့လူးနယ်ဆေး၊ ဝါကောက်သိမ်းခြင်း များအတွက် ငွေ(၂၉၆၆၀၀)ကျပ် စုစုပေါင်း(၇၄၇၁၀၀)ကျပ်ကုန်ကျကြောင်း သိရှိရကာ ထွက်နှုန်းအနေဖြင့် တစ်ဧကပျှမ်းမျှ ဝါ(၅၄၄)ပိဿာထွက်ရှိပြီး တစ်ပိဿာ(၂,၅၀၀)ကျပ်ရောင်းချရပါက ငွေ(၁,၃၆၀,၀၀၀)ကျပ် ပြန်လည်ရရှိသဖြင့် ဝါတစ်ဧကတွင် အမြတ်ငွေ(၆၁၂,၉၀၀)ကျပ်ရရှိကြောင်း ဝါစိုက် တောင်သူများထံမှ သိရသည်။

ကျောက်ဆည်မြို့တွင် ဝါသီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝါမျိုးစေ့များနှင့်ဝါစိုက်နည်းပညာများ ကူညီပံ့ပိုးလျက်ရှိကြောင်းနှင့်  မိုးနှောင်း ချည်မျှင်ရှည် ဝါများကို ကင်းကျေးရွာအုပ်စုတွင် (၂၂၀)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင်(၇၅၇)ဧက၊ ပေါင်လောင်ကျေးရွာ အုပ်စုတွင်(၇၀၂)ဧက၊ သံရွာကျေးရွာအုပ်စုတွင်(၁၁၄)ဧက၊ ဖျောက်ဆိပ်ပင်ကျေးရွာ အုပ်စုတွင်(၁၀၀၆)ဧက၊ ရွာသစ်ကျေးရွာအုပ်စုတွင်(၁၅၃)ဧက၊ ရေသရောက်ကျေးရွာအုပ်စုတွင်(၁၅၅)ဧက၊ ချောင်းဆုံကျေးရွာအုပ်စုတွင် (၁၆၀)ဧက၊ သရက်ပင်ကျေးရွာအုပ်စုတွင်(၁၃၀၀)ဧက၊ ရဲကျေးရွာအုပ်စုတွင် (၁၁၀၀)ဧက၊ ကြောင်ကျေးရွာ အုပ်စုတွင်(၂၅၀)ဧက၊ ကြက်သားဟင်းကျေးရွာအုပ်စုတွင်(၁၁၀၀)ဧက၊ သင်္ဂတုံကျေးရွာအုပ်စုတွင်(၄၇)ဧက၊ ကလေးကျေးရွာအုပ်စုတွင်(၁၄၉)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၈၄၆)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၂၂၉၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၁၇၃)ဧက၊ ကုလားချောင်း ကျေးရွာအုပ်စုတွင်(၁၄၀)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင်(၆၆)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၁)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။       

သက်မောင်(ကျောက်ဆည်)