ကျောက်ဆည် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး Wilmer Myanmar Edible Oil Co.,Ltd မှ ရည်ညွှန်း ဈေးဖြင့် ဝယ်ယူရရှိသောစားအုန်းဆီများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် (၇)နာရီ အချိန်ကစတင်ပြီး စဉ့်ကိုင်၊ကူမဲ၊ပလိပ်မြို့များတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းများကို ကူမဲမြို့၊ အမှတ်(၅)ရပ်ကွက်၊ အောင်ကမ္ဘာဆီအရောင်းဆိုင်မှ (၈၈၀) ပိဿာ၊ ကူမဲမြို့၊ ကူမဲဈေးတောင်ဘက်တိုက်တန်း နယူးဖန်စီဆီအရောင်းဆိုင်မှ (၇၇၀)ပိဿာ၊ ကူမဲမြို့၊ သာယာအေးရပ်ကွက်၊ ရှယ်လီဌေးဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ စဉ့်ကိုင်မြို့၊ ရန်ကုန်-မန္တလေး ကားလမ်း၊ အုန်းပင်ခြံလမ်းခွဲ ဒေါ်လာဆီအရောင်းဆိုင်မှ (၁၁၀၀)ပိဿာ၊ ပလိပ်မြို့၊ ဈေးသစ်ရပ် ငွေပင်လယ် ဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင် ငွေကျပ်(၄၈၀၈)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
သက်မောင်(ကျောက်ဆည်)