မိုင်းယောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစံပြကွက်များ ရိတ်သိမ်းမှုကို ယမန်နေ့က မုန်းလိုက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ လမ်းညွှန်မှုနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ် စိုက်ကြပ်အဖွဲ့များဖြင့် ရိတ်သိမ်းခဲ့ရာ ကွင်းအမှတ်-၇၅၊ ဦးပိုင်အမှတ်-၁၃ ရှိ တောင်သူ ဦးအိုက်ဥဒီး၏ ဆင်းဧရီ(၃)မိုးစပါး စိုက်ဧက ၁ ဒသမ ၃၀ တွင် တစ်ဧကစံကွက်အထွက်နှုန်း အစိုထွက်တင်း ၁၄၀ ဒသမ ၆၀ တင်း၊ အခြောက်ထွက်တင်း ၁၂၆ ဒသမ ၅၀ တင်းဖြင့်လည်းကောင်း၊ ကွင်းအမှတ်-၇၅၊ ဦးပိုင်အမှတ်-၁၅ ရှိ တောင်သူ ဦးအိုက်ရမ်း၏ ကောက်ညှင်းစပါး စိုက်ဧက ၁ ဒသမ ၄၈ တွင် တစ်ဧကစံကွက်အထွက်နှုန်း အစိုထွက်တင်း ၁၀၁ ဒသမ ၅၀ တင်း၊ အခြောက်ထွက်တင်း ၉၁ ဒသမ ၄၀ တင်းဖြင့်လည်းကောင်း ထွက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း