မိုင်းရယ် အောက်တိုဘာ ၁၀
မိုင်းရယ်မြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ဟောပြောပွဲများကို လစဉ် ပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ်(၁)၊(၂)နှင့် (၄)တို့မှ KG၊ G-1 နှင့် G-2တန်းအဆင့် ကျောင်းသား/သူများက စာဖတ်စွမ်းရည်တိုးတက်ကောင်းမွန်စေရန်အတွက် တစ်ဦးချင်းအလိုက် ပုံပြင်ဖတ်ခြင်း၊ ပုံပြင်ပါအကြောင်းအရာများကို ပြန်လည်မျှဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ ပုံပြင်စာအုပ်များကို ကြည့်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)