ပုဂံဒေသထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုနိုင်ရေနှင့် ပုဂံဒေသထွက် ယွန်းထည်နှင့် ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုး ဖောက်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး  မေ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် ကုန်ပစ္စည်းများအား နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုနိုင်ရေနှင့် ပုဂံ ဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ထိုး ဖောက်ရောင်းချနိုင်ရေး လုပ်ငန်းရှင် များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ  ၂၅ ရက် နံနက် ၉ နာရီခွဲအချိန်က ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ပုဂံဒေသထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုနိုင်ရေနှင့် ပုဂံဒေသထွက် ယွန်းထည်နှင့် ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (ခရိုင်ဦးစီးမှူး)က ပုဂံဒေသထုတ်ကုန်းများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆောင်းပါး /သတင်းများ ရေးသားခြင်းနှင့် Talk Show များ ရိုက်ကူးဆောင်ရွက်လျက်ရှိကြောင်း စီးပွာရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ပြီးနောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ခရိုင်/မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ပုန်းရည်ကြီးလုပ်ငန်းရှင်များ အစုအဖွဲ့၊ ယွန်းထည်လုပ်ငန်းရှင်များအသင်း၊ ဝါးထည်လုပ်ငန်းရှင်များနှင့် ကောင်းဆက်စတိုးလက်ဆောင်ပစ္စည်းဆိုင်တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း