ညောင်ဦး မေ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်းလေ့လာရေးလာရောက်သည့်အခါ ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ် သို့သွားသည့် ကားလမ်းမကြီးအနီး ရှင်အဇ္ဇဂေါဏဘုရားကိုဖူးမြှော်ရင်း (၁၂)ရာစုတည် ဆောက်ခဲ့သည့် ဗိသုကာလက်ရာများနှင့် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။
ရှင်အဇ္ဇဂေါဏဘုရားဘွဲ့အမည်မှာ ပုဂံခေတ်တွင်ထင်ရှားသော ရဟန်းကြီးတစ်ပါး၏ အမည်ဖြစ်ပြီး ထိုရဟန်းကြီးသည် လူအများကို ချမ်း သာကြွယ်ဝလာစေရန် ကူညီစောင့်ရှောက်ပေးခဲ့သည်ဟု အစဉ်အလာပြောဆိုကြကြောင်း ရှင်အဇ္ဇဂေါဏဘုရားဟုဘွဲ့ အမည်ပေးဖြစ်ခဲ့ပုံမှာ ဘုရားဝင်းအတွင်း အဂ္ဂိရတ်ထိုးရာတွင်အသုံးပြုခဲ့သော လုံ၊ မီးသွေးခဲများနှင့် ပြာများကိုတွေ့ရှိရသောကြောင့် ရှင်အဇ္ဇဂေါဏဘုရားဟုနာမည်ပေးခဲ့ခြင်းဖြစ် ကြောင်းသိသည်။ ရှင်အဇ္ဇဂေါဏဘုရား၏ ရာဇဝင်ကို အတိအကျမသိရှိရသော်လည်း ဘုရားတည်ဆောက်ပုံလက်ရာများကို လေ့လာနိုင်ကြောင်းဘုရားကို အောက်ခြေခုံအမြင့်ပေါ်တွင် တည်ဆောက်ထားပြီး ဘုရားတည်ဆောက်မှု ပုံစံမှာ အလယ်တိုင်မပါဝင်ပဲ နံရံလေးဘက်မှအမိုးများကိုစုကာ ပေါင်းမိုးခုံးပုံသဏ္ဍာန် တည်ဆောက်ထားတာကိုလေ့လာနိုင်ပြီး အလယ်တိုင်မပါသော တည် ဆောက်မှုပုံစံသည် ပုဂံခေတ်တည်ဆောက်ရေး၏ နည်းပညာကျွမ်းကျင်မှုကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ (၁၂)ရာစု နှောင်းပိုင်းတွင်တည် ဆောက်ခဲ့သည်ဟု ပညာရှင်များကယူဆကြောင်း ကမ္ဗည်းမှတ်တမ်းများ အရသိရပြီး ဗိသုကာလက်ရာများနှင့်နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်ပါတယ်။
ရှင်အဇ္ဇဂေါဏဘုရား၏ အနောက်ဘက်တွင် ဝိနည်းဓိုလ်ဘုရား၊ ရှေးဟောင်းစေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ တောင်ဘက်တွင် မင်းနန်းသူဘုရားသုံးဆူ၊ နရသီဟပတေ့ ဘုရား၊ လေးမျက်နှာဘုရား သလ္ဘူလဘုရားနှင့် ရှေးဟောင်းဘုရားများကို ဖူးမြှော်လေ့လာနိုင် ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင်ဘုရား၊စေတီ၊ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကိုလေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း