ဒဂုံအရှေ့ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သဘာဝပေးအန္တရာယ် ကျရောက်လာပါက ပြည်သူများအား အသင့်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းနှင့် အမှတ်(၁၃၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံရှေ့ ပြည်သူများအားရေဘေးနှင့် သဘာဝဘေးကြုံတွေ့ရပါက ဆောင်ရွက်ရန်နည်းလမ်းများကို ယမနfနေ့နံနက်ပိုင်းမှစတင်ကာ သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်း၍ ပြည်သူများအားသဘာဝေဘေး၊ ရေဘေးကြုံပါက ပလပ်စတစ်(၅)ဂါလံပုံးဖြင့် သောက်သုံးရေသိုလှောင်ထားရှိရန်နှင့် ရေဘေးကြုံရပါက ၎င်းပလပ်စတစ်ဘူးအားအသုံးပြု၍ လူ့အသက်အန္တရာယ်အား ကယ်ဆယ်နိုင်ကြောင်း လက်တွေ့သရုပ်ပြသကာ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ ဆက်)