ချောင်းဆုံ မေ ၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့် ဆရာတော်၊ သံဃာတော်များနှင့် ယောဂီများက သာသနာ့အလံတော်အား ပင့်ဆောင်လှည့်လည် ပူဇော်ခံကာ ကဆုန်ညောင် ရေသွန်းလောင်းပွဲတော်နှင့် သာသနာ့ အလံတင်အခမ်းအနားကို မေလ ၃ ရက်နေ့ နံနက် (၇)နာရီ အချိန်က ရွှေမြင့်မိုရ်တောင် ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များက မရမ်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့ နာယက ဆရာတော်မှ ဦးစီး၍ သာသနာ့အလံတော်အား ပင့်ဆောင်လှည့်လည် ပူဇော်ခံပြီးနောက် ရွှေမြင့်မိုရ်တောင် အောင်ဗောဓိပင်တွင် ညောင်ရေသွန်းလောင်းခြင်းနှင့် သာသနာ(၁၅၀၀) ဗောဓိပင် ခြေရင်းတွင် သာသနာ့အလံတင်အခမ်းအနား ကျင်းပကာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနာ ဇိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်)