သီပေါ မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေနွေးပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံ၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်များ၊ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၏ အနှစ်အရသာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက မြန်မာ့ဆယ့်နှစ်လရာသီများထဲတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး ဗြိဿရာသီ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ စကားဝါပန်းများပွင့်သည့် ရာသီ ဖြစ်ကြောင်း၊ ပူပြင်းသည့် နွေရာသီဖြစ်၍ ဗောဓိညောင်ပင်အားရေသွန်းလောင်းပူဇော်ခြင်း ဖြစ်ပါ ကြောင်း၊ ရေသွန်းလောင်းခြင်းဖြင့် ဗုဒ္ဓဘာသာသူတော်စင်များအတွက် မွန်မြတ်သော ကုသိုလ်ကောင်းမှု များ ရရှိစေခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)