ကျောက်ဆည် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း သင်တောင်းကျေးရွာအနီးတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့ ၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးအား အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများမှ အုန်းပွဲ၊ ငှက်ပျောပွဲ ကန်တော့ပွဲများ ပန်းနံ့သာများဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စရပ်များ အောင်မြင်စေရေး သစ္စာအဓိဌာန်ပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစေရေး ဘုရားဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက လုံခြုံရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားပြီး ဘုရားဖူးလာ ပြည်သူများ၏ လိုအပ်မှုများ ဖြည့်ဆည်းကူညီ ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)