ကော့မှူး ဧပြီ ၁၀
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအားသင်္ကြန်အကြို့နေ့မှ စတင်၍သင်္ကြန်အတက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင်ဗိုလ်ချုပ်လမ်းအကြီးရှိ ဗဟိုမဏ္ဍပ်တွင်ယိမ်းအကများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစားလာပြည်သူများအား စတုဒီတာ မုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်စေရေးအတွက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီမှဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့(၈)ဖွဲ့နှင့် တေးဂီတများဖြင့် ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့လာရောက်ကြည့်ရှုအားပေးသည့်ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီနှင့် အလှူရှင်များမှ နေ့စဉ်စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ကော့မှူးမြို့နယ်တွင်မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွား များကိုကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကျော်သူရ (ကော့မှူး)