မိုင်းယောင်းမြို့၌ ရွှေကံ့ကော်မူလတန်းကြိုကျောင်း (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ဘွဲ့အပ်နှင်းခြင်းအခမ်းအနားကျင်းပ

မိုင်းယောင်း  မတ်  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ရွှေကံ့ကော်မူလတန်းကြိုကျောင်း၌ ယမန်နေ့က (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘွဲ့အပ်နှင်းခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေလွင်က အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ရွှေကံ့ကော်မူလတန်းကြိုကျောင်းမှ Sr-ဆာလောမေနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းဆင်း ဂုဏ်ပြုဘွဲ့လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ရွှေကံ့ကော်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပဒေသာအကများ၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း